SD Card များရဲ့ ဖွဲ့စည်းပုံ

ဒီနေ့မှာတော့ SD Card ရဲ့ ပင်တွေရဲ့နာမည်နဲ့ SD card connectorကို မီတာနဲ့ တိုင်းတာစစ်ဆေးနည်းလေး ပြောပြချင်ပါတယ်။

SD card ကိုကြည့်ရင် ပင်ရှစ်ခုပါတာ တွေ့ရပါတယ်။ အဲဒီ ပင်ရှစ်ခုကဘာတွေလဲ၊ ဘာအလုပ်တွေ လုပ်လဲလို့ လေ့လာကြည့်တဲ့အခါ——

SD card ရဲ့ ဘေးနှစ်ဘက်ဟာ တူညီမှုမရှိဘဲ တစ်ဖက်က အညီဖြစ်ပြီး တစ်ဖက်က အထစ်ကလေးနဲ့မညီမညာဖြစ်ကာ ကွဲပြားနေတာကို ပထမသတိထားပါ။ အဲဒီအချက်က ပင်တွေကို မှတ်သားတဲ့အခါ အထောက်အကူဖြစ်စေပါတယ်။ အထစ်ပါတဲ့ဖက်ကစပြီး ပင်နံပါတ် တစ်ကိုစရေတွက်ပြီး အထစ်မပါညီညာတဲ့ဖက်မှာ ပင်နံပါတ်ရှစ်နဲ့ အဆုံးသတ်ပါမယ်။

ပင်တွေရဲ့ နာမည်ကို မှတ်သားရအောင်—

1- Data2 – Data ပို့ပေးမည့်လမ်းကြောင်း။
2- Data3- Data ပို့ပေးမည့်လမ်းကြောင်း။
3- CMD = Command – အမိန့်ပေးခိုင်းစေလမ်းကြောင်း။
4- VDD – SD card အလုပ်လုပ်ဖို့ Volt ပေးလမ်းကြောင်း။
5- CLK= Clock -Dataတွေ သွားနိုင်းအောင် ခုန်လှိုင်းပေးမည့်လမ်းကြောင်း။
6- VSS = GND – SD cardရဲ့ Negative လမ်းကြောင်း။
7- Data0 – Data ပို့ကေးမည့်လမ်းကြောင်း။
8- Data1 – Data ပို့ပေးမည့်လမ်းကြောင်း။

အလွယ်မှတ်ရင် – ပုံမှန်ပါနေကျ လမ်းကြောင်းနှစ်ခုကို မှတ်လိုက်- Positive နှင့် Negative ပေါ့။ ဒီနေရာမှာ Positive ကို VDD လို့ခေါ်ထားတယ်။ Negative ကို VSS or GND လို့ခေါ်ထားတယ်။ အခေါ်လေးပဲကွဲတာပါ။ ပြီးရင် Data 0 ကနေ 3 ထိ Data လေးကြောင်း၊ Command နှင့် Clock ပေါင်းရင် ရှစ်ကြောင်းပေါ့။ SD card အထိုင်မှာတော့ Detect လမ်းကြောင်းဆိုပြီး ပါလာတတ်ပါတယ်။

ဒီတော့ – Data – လေးခု / Volt- တစ်ခု/ GND- တစ်ခု/ CMD -တစ်ခု/ CLK- တစ်ခုပေါင်း ရှစ်ခုပါ။ GND ကို မူတည်မှတ်ပြီးတော့ GND ရဲ့ အောက်မှာ နှစ်ခု/ အပေါ်မှာ ငါးခုရှိတယ်ဆိုပြီးလည်း သေချာမှတ်ထားပါ။ အဲလိုမှတ်ထားပြီဆိုရင် Circuit board မှာရှိတဲ့ SD card connector မှာ ပင်တွေကို မီတာနဲ့တိုင်းပြီး ခွဲခြားနိုင်ပါလိမ့်မယ်။

မီတာနဲ့ ဘယ်လိုတိုင်းမလဲ—-

မီတာကို အသံမြည်စကေးမှာထား၊ မီတာလက်တံအနီကို Circuit ရဲ့ GND တစ်နေရာမှာထောက်ထား၊ SD card connector ရဲ့ ပင်တွေကို လက်တံအနက်နဲ့ တို့ထိကြည့်ပေါ့၊ အသံမြည်တဲ့ပင်ဟာ GND ပဲ။ GND ကို သိပြီဆိုရင် သူ့ရဲ့ ဘယ်ဖက်နဲ့ ညာဘက်က ပင်တွေဟာ ဘာတွေလဲ ခွဲလို့ရပြီ။ GND ကလွဲရင် ကျန်တဲ့ ပင်တွေဟာ Connection ပြနေရပါမယ်။ အသံမမြည်ရပါဘူး။ Connection မပြရင် လမ်းကြောင်းပြတ်နေတာ၊ အသံမြည်နေရင် Short ကျနေတာ စသည်ဖြင့် ခန့်မှန်းနိုင်တယ်။

Volt တိုင်းမယ်ဆိုရင် မီတာကို DC 20V စကေးမှာထား၊ ဖုန်းကို ပါဝါဖွင့်ထားပေါ့။ GND ပင်ရဲ့ ညာဖက်က နှစ်ခုမြောက်ပင်ဟာ VDD ဆိုတဲ့ Volt ပင်ပါပဲ။ အဲဒီပင်မှာ SD card အလုပ်လုပ်ဖို့ ပေးသွင်းဗို့ 3.3V ရှိတတ်တယ်။ ( ကွာခြားမှုရှိနိုင်) အဲဒီဗို့ရောက်လားစစ်ပေါ့။ မီတာလက်တံအနက်ကို Circuit GND ထောက်။ လက်တံအနီနဲ့ အဲဒီပင်ကို ထောက်ကြည့်ပါ။ Detect ပင်ပါရင် Detect မှာလည်း 1.8V ရှိပါတယ်။

တစ်ခု သတိထားရမှာက Volt တိုင်းတဲ့အခါ ကိုယ်တိုင်းချင်တဲ့နေရာကို ထိထိမိမိဖြစ်အောင်ထောက်ပါ။ တစ်ခြား Component တွေ Pin တွေကို ပူးကပ်ထောက်မိတာမျိုး မဖြစ်ပါစေနဲ့။ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်တတ်ပါတယ်။

အောက်က ပုံတွေ သေချာကြည့်ပါ—-

#CRD

Published by သတင်းစုံ ဗဟုသုတများ

https://newswebsitee.wordpress.com

Leave a comment

Design a site like this with WordPress.com
Get started