အဆောက် အဦး အတွင်း လို့ ခေါင်းစဉ်တပ် ထား ပေမယ့် အခု ရေးမည့် အကြောင်းအရာသည် အိမ်တွင်း လျှပ်စစ် ဝါယာကြိုး သွယ်တန်း မှု နှင့် အဓိက သက်ဆိုင်ပါသည်၊ မြန်မာနိုင်ငံ တွင် မီးလောင် မှု အများ ဆုံး သည် လျှပ်စစ်ဝါယာ ကြိုး ကြောင့် ဖြစ်သည် ဟု မှတ်သား မိပါတယ်၊ အောက်ဖေါ်ပြပါ အချက် များ သည် လျှပ်စစ်ဝါယာ ကြိုး သွယ်တန်းရာ တွင် သတိပြု ရမည့် အချက် များ ပင် ဖြစ်ပါတယ်။
(၁) အရေအသွေး ပြည့်မှီ သော လျှပ်စစ်ဝါယာကြိုး များ ကို အသုံးပြုခြင်း။
လျှပ်စစ်ဝါယာကြိုး တွင် wire size (သို့) gauge ပေါ် မူတည်ကာ၊ ၎င်း လျှပ်စစ်ဝါယာကြိုး အတွင်း ampere မည်မျှ စီးဆင်း နိုင်သည် ဆိုသော သတ်မှတ်ချက် ပါရှိပါတယ်၊ ၎င်း သတ်မှတ်ချက် ပေါ် တွင် အခြေခံ ကာ၊ ထို လျှပ်စစ်ဝါယာကြိုး ကို ဘယ်နေရာ တွင် အသုံးပြုနိုင်သည် သတ်မှတ်ထားပါတယ်၊ ဥပမာ။ ။ အိမ်သုံး မီးချောင်း များ အတွက် 10 Amps ခံ နိုင်ရေ ရှိသော လျှပ်စစ်ဝါယာကြိုး ကို အသုံးပြုနိုင်ပါတယ်၊ ပုံတွင် ကြည့်ပါ။
(၂) ရိုးရိုး လျှပ်စစ်ဝါယာကြိုး လိုင်း နှင့် ပါဝါ လျှပ်စစ်ဝါယာကြိုး လိုင်း ဟူ ၍ ခွဲခြမ်း အသုံးပြုခြင်း။
မီးသီး၊ မီးချောင်း များ နှင့် အခြား ပါဝါ/watts နည်းသော လျှပ်စစ်ပစ္စည်း များ အတွက် လျှပ်စစ်ဝါယာကြိုး လိုင်း သတ်သတ် ထားသင့်ပါတယ်၊ ထို့ အတူ ရေမော်တာ၊ လျှပ်စစ် ထမင်းပေါင်းအိုး၊ အဲကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ အဝတ်ခြောက်စက်၊ စသည့် ပါဝါ/watts များသည် လျှပ်စစ်ပစ္စည်း များ အတွက် ကိုလည်း လျှပ်စစ်ဝါယာကြိုး လိုင်း သတ်သတ် ထားသင့်ပါတယ်။
(၃) Circuit Breaker များ ကို အသုံးပြုခြင်း။
လျှပ်စစ်ဝါယာကြိုး မီးလောင် ရသည့် အကြောင်းအရင်း မှာ၊ ampere လွန်စွာစီးဆင်း ပြီး၊ ကြီးစွာသော အပူ ဖြစ်ပေါ်ကာ လောင်ကျွမ်း ရခြင်း ပင် ဖြစ်ပါတယ်၊ အချက် နံပါတ် (၁) တွင် ဖေါ်ပြခဲ့ သလို၊ လျှပ်စစ်ဝါယာကြိုး တချောင်း အတွက် ampere သတ်မှတ်ချက် ဆိုတာ ပါရှိပြီး၊ ၎င်း ampere ထက် ပိုမို စီးဆင်းပါက၊ မီးလောင်နိုင်ပါတယ်၊ ဒါကြောင့် Circuit Breaker သည် ၎င်း လျှပ်စစ်ဝါယာကြိုး ၏ ခံနိုင်သော ampere သို့ မရောက် မှီ၊ လျှပ်စစ်ဝါယာကြိုး အတွင်း စီးဆင်းနေသော လျှပ်စီး ကို ဖြတ်ချပေးခြင်း ဖြစ်ပါတယ်၊ ဥပမာ။ ။ လျှပ်စစ်ဝါယာကြိုး သည် 10 amperes ခံ နိုင်သည် ဆိုပါက၊ circuit breaker သည် 10 ampere မတိုင်ခင် ဖြတ်ချ ပေးလိုက်ပါက၊ လျှပ်စစ် အန္တရယ် ကင်းဝေးစေပါတယ်။
(၄) လျှပ်စစ်ဝါယာကြိုး တချောင်း တွင် အသုံးပြုမည့် လျှပ်စစ်ပစ္စည်း များ ၏ စုစုပေါင်း watts ကို တွက် ချက်ခြင်း။
လျှပ်စစ်ဝါယာကြိုး တချောင်း တွင် 40 watts မီးချောင်း ၁၀ ချောင်း ကို အသုံး ပြုမည် ဆိုလျှင်၊ စုစု ပေါင်း 400 watts ရှိမည် ဖြစ်သည်၊ အောက်ပါ equation ကို ကြည့်ပါ။
P(W) = PF × I(A) × V(V)
P = power
PF= power factor
I= Ampere
V=Volt
watt = PF × amp × volt
or
W = PF × A × V
မီးချောင်း အတွက် PF ကို 1 ဟု ယူဆ ရမည် ဖြစ်သည်၊ မြန်မာပြည် တွင် အသုံးပြုသော volt သည် 220 volt ဖြစ်သည်။ ထို့ကြောင့်
400 = 1 x amp x 220
Amp = 400/220 = 1.8 amps ဖြစ်ပါတယ်။ အကယ် ၍ မီးအား 160 volts ထိ ကျပါက
Amp = 400/160 = 2.5 amps ဖြစ်ပါတယ်၊ ထို့ကြောင့် 10 Amps (18 Guage) မီးကြိုး ဆိုလျှင် လုံလောက်ပါတယ်။
ရေမော်တာ၊ အဝတ်လျှော် စက် အစရှိ သော လျှပ်စစ်ပစ္စည်း များ ၏ PF (power factor) ကို သက်ဆိုင်ရာ လျှပ်စစ်ပစ္စည်း များ၏ specification မှ ရယူ နိုင်ပါတယ်။
(၅) လျှပ်စစ်ဝါယာကြိုး သွယ်တန်း ပုံ သွယ်တန်း နည်း။
အကုန်အကျ သက်သာသော လျှပ်စစ်ဝါယာကြိုး သွယ်တန်း မှု မှာ wire trunking များ အတွင်း ထည့်သွင်း၍ သွယ်တန်း မှု မျိုး ဖြစ်သည်၊ နောက် တနည်း မှာ အခန်း၏ အုတ်နံရံ ကို ခွဲထွင်းကာ၊ Electrical conduit အတွင်း လျှပ်စစ်ဝါယာကြိုး ကို သွယ်တန်းခြင်းဖြစ်သည်၊ ဤနည်း သည် အကုန်အကျ ပိုများသော်လည်း သေသပ်လှပ မှု နှင့် လျှပ်စစ် အန္တရယ် နည်းပါးမှု တို့ တွင် တပန်းသာ ပါတယ်၊ လျှပ်စစ်ဝါယာကြိုး များထည့်သွင်း မြှုတ်နှံသော wire trunking နှင့် Electrical conduit တို့သည် သတ်မှတ်ထားသော စံချိန် စံညွှန်း ပြည့်မှီ ရန် လို အပ်ပါတယ်။
(၆) အမှန်တကယ်နားလည် တတ်ကျွမ်း သူများ ကို တတ်ဆင်စေခြင်း။
လျှပ်စစ်ဝါယာကြိုး သွယ်တန်းရာ တွင် အမှန်တကယ် တတ်ကျွမ်းနားလည် သူ များ က သာ သွယ်တန်းပေးသင့်ပါတယ်။
(၇) လျှပ်စစ်ဝါယာကြိုး များ ဟောင်းနွမ်း လာပါက၊ ပြန်လည်စစ်ဆေးရန်။
လျှပ်စစ်ဝါယာကြိုး များ ဟောင်းနွမ်းလာပါက (သို့) circuit breaker မကြာခဏ ပြုတ်ကျခြင်း၊ ဝါယာ ညှော်နံ့ ရခြင်း၊ ဝါယာခလုတ် (သို့) outlet တွင် shock ဖြစ်ခြင်း စသည် တို့ ကြုံတွေ့ ရပါက၊ ၎င်း လျှပ်စစ်ဝါယာကြိုး ကို အသစ် ပြန်လည်သွယ်တန်း သင့်ပါတယ်။
(၈) နွေရာသီ။
အထူးသဖြင့် နွေရာသီ တွင် ပြင်ပ အပူ ချိန် မြင့်တက်မှု ကြောင့်၊ လျှပ်စစ်ဝါယာကြိုး များ ကျွတ်ဆတ် မာကြောလာစေပါတယ်၊ ထို့ကြောင့် Quality ကောင်းသော လျှပ်စစ်ဝါယာကြိုး ကို ရွှေးချယ် အသုံးပြုသင့်ပါတယ်။
လျှပ်စစ် မီးဘေးအန္တရယ် မှ ကင်းဝေးစေရန် ရည်ရွယ် လျှက်။
Crd;
Informationtechnologyworld

